Spider-man ဝတ်စုံရဲ့လူသိနည်းတဲ့အံ့ဖွယ်အချက် ၁၀ ချက်


Spider-man ရဲ့ဝတ်စုံဟာ လျှို့ဝှက်ချက်ပေါင်းများစွာပါဝင်တယ်ဆိုတာ လူတွေမသိကြပါဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်းငါးဆယ်ကျော်က Marvel Universe စင်မြင့်ထက်မှာစတင်ပွဲထုတ်ခဲ့တဲ့ Spider-man ကိုအနီ၊ အပြာရောယှက်ထားတဲ့ပင့်ကူဝတ်စုံနဲ့ အမေရိကန်နိုင်ငံကိုဖော်ကျူးကိုယ်စားပြုတဲ့သူရဲကောင်းတစ်ယောက်အဖြစ် ပုံဖော်ခဲ့ပါတယ်။ ပြည်သူ့အကျိုးပြုပင့်ကူလူသားကာတွန်းဇာတ်လမ်းတွဲကို ၁၉၆၂ ခုနှစ်မှာစတင်ခဲ့ပြီး တီထွင်ဆန်းသစ်ပြောင်းလဲမှုတွေနဲ့အတူ ၂၀၀၂ ခုနှစ်မှာတော့ တီဗီဖန်သားပြင်ထက်ကို ကူးပြောင်းရောက်ရှိလာခဲ့ပါတယ်။ နှစ်အဆက်ဆက် ကာတွန်းတွေ၊ ရုပ်ရှင်တွေကိုလိုက်ပြီး ဝတ်စုံရဲ့လုပ်ဆောင်ချက်တွေပြောင်းလဲတယ်ဆိုပေမယ့် ကျောရိုးခံတဲ့မူရင်းဂုဏ်သတ္တိကတော့ မပြောင်းလဲသွားပါဘူး။ ဒီတော့အခု အားလုံးရဲ့အချစ်တော် Spider-man ရဲ့ဝတ်စုံမှာပါဝင်တဲ့ လူသိနည်းလှတဲ့အံ့ဖွယ်အချက် ၁၀ ချက်ကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။

1. မျက်ဝန်းအချုံ့၊ အချဲ့လုပ်နိုင်တဲ့ ပထမဦးဆုံးသော MCU ဝတ်စုံရဲ့မျက်နှာဖုံး


Comics ထဲမှာဘယ်လိုမျိုးမျက်နှာအနေအထားပဲဖြစ်နေပါစေ၊ ရုပ်ရှင်ဇာတ်ကားတွေထဲမှာဆိုရင်တော့ Spider-man ရဲ့မျက်နှာဟာ ရူတည်တည်နဲ့ခံစားချက်မဲ့သလိုဖြစ်နေခဲ့တာကို အားလုံးကတွေ့ရမှာပါ။Tobey Maguire ရဲ့ ပွဲဦးထွက်ပင့်ကူလူသားဇာတ်ကားကနေ ၂၀၁၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ Andrew Garfield ရဲ့တစ်ကိုယ်တော်ရုပ်ရှင်အထိ သက်မဲ့ပြီးလှုပ်ရှားမှုအလျင်းမရှိတဲ့မျက်ဝန်းတစ်စုံနဲ့ မျက်နှာဖုံးကိုစွပ်ထားသလိုဖြစ်နေခဲ့ပေမယ့် Deadpool ဇာတ်ကားမှာ Wade Wilson ဟာ သူ့ရဲ့ဇာတ်ကွက်တွေမှာ မျက်နှာဖုံးဝတ်ထားလျက်နဲ့ စကားပြောနဲ့တကွ မျက်နှာအမူအရာတွေကို သရုပ်ဖော်သွားခဲ့တဲ့အတွက် Marvel အနေနဲ့ အသိတစ်ခုဝင်သွားတဲ့ပုံပါပဲ။ Civil War ထွေလာမှာ အဲဒီလိုပြောင်းလဲသွားတဲ့ Spider-man ရဲ့မျက်နှာဖုံးကို ပွဲထွက်ပြသခဲ့ပေမယ့် အမြင်မရင်းနှီးသေးတဲ့ပရိသတ်များအတွက်တော့ CGI ပိုင်းအားနည်းမှုတစ်ခုလို အမြင်ခံခဲ့ရပါတယ်။ Homecoming မှာလည်း Spider-man ရဲ့မျက်ဝန်းတွေဟာ Peter ရဲ့စူပါဟီးရိုးသဘာဝကို ထိုးထွင်းမြင်နိုင်တဲ့ပြတင်းပေါက်တစ်ခုအနေနဲ့တင်သာမက ကင်မရာရိုက်ချက်တွေလို ပုံရိပ်ဖမ်းယူနိုင်တဲ့လုပ်ဆောင်ချက်တွေပါ ထပ်ပေါင်းပါဝင်လာတာကို တွေ့မြင်ရမှာပါ။


2. ကိုယ့်ရဲ့ဝတ်စုံကို ကိုယ်ချူပ်လေ့ရှိတဲ့ Peter


ပင့်ကူလူသားဟာ သာမန်လူတန်းစားစူပါဟီးရိုးတွေရဲ့သဘောသဘောဝကို ပုံဖော်ကျူးထားတဲ့ ပြရုပ်တစ်ခုပါ။ ဒါပေမယ့် ပင့်ကူစွမ်းအားတွေနဲ့ရည်ရွယ်ချက်ပြင်းတဲ့စိတ်ကိုဖယ်လိုက်မယ်ဆိုရင်တော့ ဝတ်စုံနဲ့လူခန္ဓာကိုယ်အဖြစ်နဲ့သာ ကျန်ခဲ့မှာပါ။ Bruce Wayne တောင်မှ Batman Begins ထဲမှာ ကိုယ့်ဝတ်စုံကိုယ်ဆေးမှုတ်ခဲ့သေးတာပါ။ ဒါပေမယ့် Spidey ကတော့ Bruce ထက်ပိုပြီး သမ္ဘာကျနေပါသေးတယ်။ ဘာဖြစ်လို့လည်းဆိုတော့ Peter ဟာကိုယ့်လူစွမ်းကောင်းဝတ်စုံကို ကိုယ်တိုင်ချူပ်ဝတ်လို့ပါပဲ။ Comics တွေမှာဆိုရင် သနားဖို့ကောင်းတဲ့ Peter ဟာတံခါးကိုလော့ချပြီး ချည်နဲ့အပ်ကိုကိုင်လို့ 1776 ခုနှစ်က Betsy Ross ရဲ့ဝတ်စုံလို အနီ၊ အပြာလိုင်းတွေကိုတလိုင်းချင်း ကျကျနနချည်ထိုးချူပ်တဲ့မြင်ကွင်းကို အားလုံးကတွေ့မြင်ရမှာပါ။ ဒါဟာနာမည်ကျော်လူစွမ်းကောင်းပင့်ကူလူသားအနေနဲ့ဆိုရင် အရမ်းကိုရိုကျိုးပြီး ကိုယ့်ကိုယ်ကိုယ် နှိမ့်ချဆက်ဆံတတ်တဲ့လက္ခဏာကိုဆောင်တဲ့သဘောပါပဲ။


3. ကွဲပြားခြားနားတဲ့အသွင်နဲ့ ဗားရှင်းမျိုးစုံဝတ်စုံတွေ


Spider-man ဆိုပြီးထွက်ပေါ်လာခဲ့တဲ့သက်တမ်း ၅၅ နှစ်တစ်လျှောက်မှာ Peter ဝတ်ဆင်ခဲ့တဲ့ဝတ်စုံပေါင်း ဘယ်နှစ်စုံရှိတယ်ဆိုတာ အတိအကျပြောဖို့ခက်ပါတယ်။ ပင့်ကူဝတ်စုံတွေ တော်တော်များများရှိတယ်လို့သုံးသပ်ရမှာဖြစ်ပြီးပုံမှန်အနီအပြာဝတ်စုံကနေ ထူးခြားဆန်းသစ်တဲ့ ၂၀၉၉ ပင့်ကူဝတ်စုံအထိဖြစ်ပါတယ်။ ထက်မြက်တဲ့ ခြေသည်းလက်သည်းတွေအပြင် စပါတန်ခေါင်းဆောင်းနဲ့စွမ်းအားပြည့် ၂၀၉၉ ပင့်ကူဝတ်စုံကို Tony Stark ကဒီဇိုင်းဆွဲတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ နောက်ပြီးလက်သည်းချွန်တွေ၊ ဒုံးကျည်ပုံစံမြန်နှုန်းမြင့်ခြေနင်းပါတဲ့ဝတ်စုံတွေ အစရှိတဲ့ဝတ်စုံပေါင်းများစွာ ကျန်ရှိနေပါသေးတယ်။


4. The Mark lV ဝတ်စုံနဲ့ရပ်တန့်မရတဲ့စွမ်းအား


ပေါ့ပါးသွက်လက်ပြီးအမြင်လှတဲ့ဝတ်စုံတွေအကြောင်းပြောနေရာကနေပြီး ပင့်ကူဝတ်စုံတွေထဲကတစ်ခုကိုရွေးချယ်ပါဆိုရင်တော့ Spider-Armor Mark lV ဝတ်စုံကိုရွေးချယ်ရပါလိမ့်မယ်။ အဲဒါဝတ်စုံဟာအရမ်းကိုထူးခြားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ Tony Stark ရဲ့အကူအညီတစ်ခုမှမပါဘဲ Peter ကိုယ်တိုင်ကဒီဇိုင်းဆွဲတည်ဆောက်ခဲ့လို့ပါပဲ။ လျှို့ဝှက်စစ်ပွဲတွေဖြစ်ပွားနေတဲ့အချိန်မှာ အားလုံးကိုကျော်လွန်ပြီးဖျက်ဆီးလို့မရမယ့် ဝတ်စုံတစ်ခုကိုတည်ဆောက်ဖို့လိုတယ်ဆိုတာ Peter ကကောင်းကောင်းသိတဲ့အတွက် သူ့ရဲ့ဗဟုသုတ၊ အရင်းအမြစ်၊ စွမ်းအင်တွေအားလုံးကို နှစ်မြှုပ်ပြီးဒီဝတ်စုံကိုဖန်တီးခဲ့တာပါ။ ဒီဝတ်စုံဟာ ကျည်ဒဏ်၊ မီးဒဏ်ကာဖြစ်ပြီး သဘောပြောရမယ်ဆိုရင်တော့ တိုက်ပွဲမှာသေဘေးကိုတောင် ကာကွယ်ပေးထားတာဖြစ်ပါတယ်။ မြင့်မားလှတဲ့ခေါင်မိုးပေါ်ကနေ တဟုန်ထိုးအရှိန်နဲ့ခုန်ဆင်းပြီး မြေပြင်ပေါ်ရောက်တဲ့အချိန်မှာ နာကျင်မှုတစ်စုံတစ်ရာမခံစားရသလို မီးလျှံတွေပေါ်မှာလည်း အချိန်အကန့်သတ်မရှိဖြတ်လျှောက်သွားလို့ရတဲ့အပြင် Clayton Cole ရဲ့ပြင်းထန်တဲ့လှိုင်းအားသံတွေကိုကြားနေရရင်တောင်မှ Spotify မှာ ခပ်ဖျော့ဖျော့သီချင်းနားဆင်နေရသလိုမျိုး ခံစားရမယ့် ရပ်တန့်မရတဲ့စွမ်းအားနဲ့ Mark lV ဝတ်စုံပါပဲ။


5. လူငယ်ပရိသတ်တစ်ယောက်ရဲ့အကြံဉာဏ်ကိုမှီငြိမ်းထားတဲ့ Symboite ဝတ်စုံနက်


၁၉၆၂ ခုနှစ် Steve Ditko ရဲ့ဝတ်စုံအပြီး နောက်ထပ်နှစ် ၂၀ အကြာမှာ Spider-man ဝတ်လေ့ရှိတဲ့နောက်ထပ်ဝတ်စုံနှစ်စုံကို ထပ်မံမြင်တွေ့မှာပါ။ အစပိုင်းမှာအနီနဲ့အမည်းကို ရောယှက်ထားပေမယ့် နောက်ပိုင်းမှာတော့အရောင်ရင့်ရင့်အနီနဲ့အပြာကိုအကွက်ပုံစံမျိုး ပြန်လည်ချယ်မှုန်းဒီဇိုင်းဆွဲထားတဲ့ John Romita ရဲ့ဝတ်စုံနှစ်မျိုးပါ။ ၁၉၈၄ ခုနှစ်မှာတော့ Symboite ဆိုတဲ့ Spider-man ရဲ့တတိယဝတ်စုံနက်ကို ပရိသတ်တွေဆီချပြခဲ့ပါတယ်။ Marvel ဟာ လူငယ်ပရိသတ်တစ်ယောက်ရဲ့ ဝတ်စုံအကြံဉာဏ်ကိုသဘောကျသွားပြီး လူငယ်ပရိသတ် Randy Schueller ရဲ့ဝတ်စုံဆိုပြီး credit ပေးခဲ့ပါတယ်။ ဝတ်စုံအကြံဉာဏ်ကို ဒေါ်လာ ၂၂၀ နဲ့ဝယ်ယူအပြီး နှစ်နှစ်အကြာမှာတော့ Secret Wars comics မှာပွဲဦးထွက်ဖော်ပြခဲ့ပေမယ့် ပရိသတ်မြောက်မြားစွာက အကြိုက်မတွေ့ခဲ့တဲ့အတွက် Reed Richards ကနေပြီး Peter ကို Symboite ပူးကပ်မှုဆီကနေ ခွဲထုတ်တဲ့ဇာတ်ကြောင်းနဲ့ comics ကိုပြန်လည်ရေးသားခဲ့ပါတယ်။


6. ယနေ့ခေတ် ရူပဗေဒပညာရှင်များက Spidey ဝတ်စုံဖော်ဖြူလာကို ဖန်တီးခြင်း



မူလဇာတ်လမ်းအရဆိုရင် Peter Parker ဟာ ပင့်ကူအကိုက်ခံရပြီးတဲ့နောက် ပင့်ကူရဲ့အစွမ်းတွေကိုစုပ်ယူပြီး လူတစ်ပိုင်းပင့်ကူတစ်ပိုင်းဖြစ်လာခဲ့တာပါ။ ဒီဇာတ်လမ်းက စူပါဟီးရိုးတွေအစပျိုးတဲ့ ဇာတ်လမ်းမျိုးဆိုပေမယ့်လို့ အဲဒီနောက်ကွယ်က သိပ္ပံသဘောတရားကတော့ တကယ့်ဖြစ်ရပ်ကို အခြေတည်နေပါတယ်။ Institute of Physics ပြောစကားအရ အင်ဂျင်နီယာတစ်ဖွဲ့ဟာ ဒီနေ့ခတ် Spider-Man ကိုဖန်တီးဖို့ ဖော်မြူလာကိုတီထွင်ခဲ့ပါသတဲ့။ ပင့်ကူတွေနဲ့ အိမ်မြှောင်တွေရဲ့ ကမ္ဘာ့မြေဆွဲအားကိုဆန့်ကျင်တဲ့ အရည်အသွေးကို လေ့လာရာကနေတဆင့် သိပ္ပံပညာရှင်တွေဟာ “Vander Waals အား”တွေက ခြေထောက်ရှစ်ချောင်းရှိတဲ့ သတ္တဝါတွေကို မျက်နှာကြက်မှာ ဇောက်ထိုးကပ်နေနိုင်အောင် ပြုလုပ်ပေးတဲ့ စွမ်းအင်ရင်းမြစ်ဖြစ်တယ်လို့ သတ်မှတ်အတည်ပြုခဲ့ပါတယ်။ လူတွေကို လက်တွေ့ဘဝက Spider-Man ဖြစ်လာစေမယ့် “microscopic Velcro” အဖြစ်လုပ်ဆောင်မယ့် စေးကပ်ကပ် Substance ကိုလည်း အဲဒီအင်ဂျင်နီယာအဖွဲ့ကပဲ တွေ့ရှိခဲ့တာဖြစ်ပါတယ်။


7. မူလဝတ်စုံဒီဇိုင်းက လက်မောင်းတွေမှာ ပင့်ကူအိမ်ပါခဲ့တယ်


Spider-Man မူလဝတ်စုံက လက်မောင်းအောက်မှာ ဒီလိုမျိုးပင့်ကူအိမ်ပုံစံ အပြင်အဆင်ပါခဲ့ပါတယ်။ Peter Parker ဒီဝတ်စုံကို ဒီဇိုင်းထုတ်ခဲ့တာဟာ စူပါဟီးရိုးတစ်ဦးဖြစ်ဖို့မဟုတ်ဘဲ စတိုင်ပိုကျဖို့နဲ့ အမြင်ပိုသားနားဖို့ဖြစ်ပြီး အဆင်တန်ဆာတစ်ခုအဖြစ် ဆင်ယင်ချင်လိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ သူ့ဝတ်စုံမှာ ဒီလိုပင့်ကူအိမ်ကို ထည့်ချုပ်ခဲ့တာပါ။



8. Spider-Man ဝတ်စုံအောက်မှာတပ်ဆင်ထားတဲ့ ခါးပတ်ကင်မရာ

စီးပွားရေးလောကမှာ လုပ်ငန်းရှင်ကြီးတစ်ဦးအဖြစ်နဲ့ Parker Industries ကို မတည်ထောင်နိုင်သေးခင် အစောပိုင်းနှစ်တွေမှာ Spider-Man ဟာ ငွေကြေးချို့တဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်ခဲ့ပါတယ်။ ရာဇဝတ်မှုတွေကို လိုက်လံတိုက်ဖျက်ရင်းနဲ့ သူ့ရန်သူတွေ ရာဇဝတ်မှုကျူးလွန်နေတဲ့ ဓါတ်ပုံတွေကိုရိုက်ယူပြီး အဲဒီပုံတွေကို J. Jonah Jameson ဆီပို့ပြီးတော့ ပိုက်ဆံရှာခဲ့ရတာပါ။ အဲဒီတုန်းက Peter Parker အနေနဲ့ ကင်မရာအိတ်တပ်တာတို့၊ ဝတ်စုံပေါ်မှာ ကင်မရာကြီးလွယ်ထားတာတို့မလုပ်ဘဲ သူ့ရဲ့စွယ်စုံထည့်ခါးပတ်မှာ ကင်မရာကိုထည့်သွင်းတပ်ဆင်ပြီး အသုံးပြုခဲ့တာဖြစ်ပါတယ်။ အဲဒီခါးပတ်ကင်မရာကို သူ့ဝတ်စုံအောက်မှာ သေသေသပ်သပ် တပ်ဆင်ထားတာဆိုတော့ သူ့လိုလှုပ်ရှားနေရတဲ့သူအတွက် အရမ်းကိုအဆင်ပြေစေပါတယ်။


9. MCU ဝတ်စုံမှာ GPS, Auto-Fit နဲ့ ပင့်ကူမျှင်ပေါင်းစည်းမှု ရာချီပါဝင်တယ်


Iron Man လို့သိကြတဲ့ Tony Stark ရဲ့ကျေးဇူးကြောင့် Homecoming ထဲက ပင့်ကူလူသားရဲ့ဝတ်စုံဟာ Civil War မှာ Peter ဝတ်ခဲ့တဲ့ဝတ်စုံထက်တောင် သာနေပါသေးတယ်။ ဆယ်ကျောက်သက်တစ်ယောက်ရဲ့ စိတ်ကူးနဲ့အတူ အပ်နဲ့အပ်ချည်နဲ့ ချုပ်ထားတာမဟုတ်တဲ့ Stark ရဲ့ Spidey ဝတ်စုံက စူပါဟီးရိုးဘဝနေထိုင်မှုပုံစံအတွက် စိတ်တိုင်းကျဖန်တီးပေးထားတဲ့ ဝတ်စုံပါ။ Peter ရဲ့သက်တမ်းတစ်လျှောက်မှာ ပထမဆုံးအကြိမ်အနေနဲ့ သူ့ဝတ်စုံရင်ဘတ်က ပင့်ကူရုပ်ကြီးဟာ အဆင်တန်ဆာတစ်ခုထက်ပိုသွားခဲ့ပြီးတော့ ဝတ်စုံကနေခွဲထွက်ပြီး ကိုယ်ပိုင်ဒရုန်းအဖြစ်နဲ့ လုပ်ဆောင်နိုင်ပါတယ်။ နည်းပညာမြင့် GPS လည်းပါဝင်တဲ့အပြင်၊ စွယ်စုံသုံးပင့်ကူမျှင်ပစ်လွှတ်မှု၊ ပင့်ကူအမြင်အာရုံနဲ့ Auto-Fit လုပ်ဆောင်ချက်လည်းပါဝင်ပါတယ်။ ဒါ့အပြင် Homecoming ဝတ်စုံမှာ JARVIS လိုမျိုး သူ့ကိုယ်ပိုင်လုပ်ဆောင်စနစ်လည်း ပါဝင်ပါသေးတယ်။



10. သူ့ဝတ်စုံက Spider-Signal ကို ထိန်းချုပ်ထားတယ်



ပင့်ကူလူသားဟာ သူ့ရဲ့အဆင့်မြင့်အာရုံ၊ ခွန်အားနဲ့ အမြင်စွမ်းအားအပြင် ဟိုအရင်က Spider-Man ဟာဆိုရင် အမှောင်ထဲမှာ ရန်သူတွေကိုချဉ်းကပ်ပြီး မြင်နိုင်ဖို့အတွက် သူ့ရဲ့ Spider-Signal က အလင်းကိုသုံးခဲ့ပါတယ်။ ဒီလုပ်ဆောင်ချက်က ဘယ်လောက်ပဲလန်းတယ်ပြောပြော ဒီအလင်းကြောင့် အံ့သြစရာဖြစ်ရမယ့်ဟာတွေက မဖြစ်ရတော့ဘူးဆိုပြီး နာမည်ကြီးခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီကရိယာဟာ The Amazing Spider-Man #3 မှာ ပထမဆုံးပါဝင်ခဲ့ပြီး လွန်ခဲ့တဲ့ဆယ်စုနှစ်ငါးစုအထိ ဆက်လက်ပါဝင်နေခဲ့ပါတယ်။ Captain America: Civil War ရဲ့ post-credit scene မှာတောင် ပါခဲ့သေးပါတယ်။ တခြားနာမည်ကျော်စူပါဟီးရိုးတွေရဲ့ signal တွေထဲက Bat-signal တောင် အချက်ပြလုပ်ဆောင်ဖို့အတွက် Commissioner Gordon ကို အားကိုးနေရပေမယ့် Peter ရဲ့ signal ကိုတော့ သူ့ခါးပတ်ညာဘက်မှာ တပ်ဆင်ထားတာဖြစ်ပြီး သူကြိုက်တဲ့အချိန်မှာ ကြိုက်သလိုအသုံးပြုနိုင်ပါတယ်။



10 Things You dont know about Spider-man suit


Ref: screenrant

Comments