နည်းပညာတွေတိုးတက်ပြောင်းလဲလာတဲ့အခုခေတ်မှာ စူပါဟီးရိုးဇာတ်ကားတွေဟာ ရုပ်ရှင်ကုမ္မဏီများရဲ့အာရုံစိုက်စရာအခန်းကဏ္ဍတစ်ခုဖြစ်လာခဲ့ပါတယ်။ ကျွန်တော်တို့ခေတ်က လူစွမ်းကောင်းကားတွေနဲ့ အခုခေတ်ကစူပါဟီးရိုးရုပ်ရှင်တွေဟာ လုံးဝကိုကွဲပြားခြားနားသွားပါပြီ။ ဇာတ်လမ်းဇာတ်အိမ်၊ ဆက်တင်အပြင်အဆင်၊ ကွန်ပျူတာအထူးပြုလုပ်ချက်တွေ၊ များပြားလာတဲ့နည်းပညာရဲ့အားသာချက်တွေဟာ ရုပ်ရှင်လောကမှာအချက်အခြာကျတဲ့လုပ်ဆောင်ချက်တစ်ခုလို ဖြစ်လာခဲ့ပါတယ်။ ပရိသတ်များရဲ့အသည်းနှလုံးကိုရယူပိုင်ဆိုင်သွားတဲ့ Avenger ရုပ်ရှင်ဇာတ်ကားဟာ ထွက်ရှိလာချင်းချင်းပဲ ၁.၅. ဘီလီလံအကျိုးအမြတ်ထွက်ခဲ့ပါတယ်။ ထို့နည်းတူပဲ Spiderman ရုပ်ရှင်ဇာတ်လမ်းတွဲဟာလည်း မထင်ရင်မထင်သလို box office record ကိုချိုးဖေါက်ပြီးအမြတ်အစွန်းတွေရရှိနေတာပါ။ Marvel ကဖန်တီးခဲ့တဲ့ကာတွန်းစာအုပ်တွေပေါ်က စူပါဟီးရိုးတွေဟာရုပ်ရှင်ကဏ္ဍနဲ့ပေါင်းစပ်ပြီး အံ့အားသင့်ဖွယ်ရာထုတ်ကုန်အသစ်တွေအဖြစ်နဲ့ ပရိသတ်တွေဆီကို ဆိုက်မြိုက်စွာရောက်ရှိလာခဲ့ကြလို့ အားလုံးဘဝင်ခိုက်အကြိုက်ခဲ့တာပါ။ ဒါပေမယ့်ကျွန်တော်တို့အခုမြင်တွေ့နေရတဲ့ Marvel ကတချို့စူပါဟီးရိုးတချို့ကို ရုပ်ရှင်ကုမ္မဏီတွေဆီ အခွင့်အရေးတွေနဲ့တကွလွှဲပြောင်းပေးအပ်လိုက်တဲ့အတွက် Marvel ကိုယ်တိုင်ကိုကမပိုင်တော့ပါဘူး။ ၁၉၈၅ ခုနှစ်ကတည်းစပြီး Marvel ဟာ Sony, 20th Century Fox အစရှိတဲ့အဖွဲ့အစည်းကြီးတွေဆီကို သူတို့ရဲ့ဇာတ်ကောင်တွေကမ်းလှမ်းပြီးအသုံးပြုခံစေခဲ့တာပါ။ ဒါတွေအားလုံးဟာ ကန့်လန်ကာနောက်ကွယ်မှာဖြစ်ပျက်နေတဲ့အချင်းအရာများဖြစ်တာကြောင့် များများစားစားတော့ မဖော်ပြလိုပါဘူး။ ဒီတော့ အခုဒီမှာ Marvel ကမပိုင်တော့တဲ့ Superhero ရှစ်ယောက်ကိုအားလုံးအတွက် ဗဟုသုတဖြစ်ဖွယ်တင်ပြလိုက်ပါတယ်။ အားလုံးနဲ့အရမ်းရင်းနှီးပြီးသားစူပါဟီးရိုးများလည်းပါနေတဲ့အတွက် အားလုံးအံ့သြသွားရပါလိမ့်မယ်။
ဟုတ်ပါတယ်။ ပွဲဦးထွက်နံပါတ်တစ်နေရာမှာ အားလုံးရဲ့အချစ်တော်ပင့်ကူလူသားဖြစ်နေတဲ့အတွက် စိတ်မကောင်းပါဘူး။ Marvel ရုပ်ရှင်စတူဒီယိုကြီးမစတင်ကတည်းက Spider-man ဇာတ်ကောင်ရဲ့လုပ်ပိုင်ခွင့်နဲ့ အသုံးချခွင့်တွေကို Sony ဆီပေးအပ်ထားခဲ့တာပါ။ ဒါပေမယ့်ပထမဦးဆုံးပင့်ကူလူသားဇာတ်ကားနဲ့ box office ဒေါ်လာ ၈၀၀ မီလီယံအမြတ်ထွက်ခဲ့တဲ့အတွက် ဆုံးဖြတ်ချက်မှန်ကန်ခဲ့တယ်လို့ ဆိုရမလိုပါပဲ။ Spider-man ကို Sony နဲ့ Marvel ပူးတွဲပိုင်ဆိုင်ကျတဲ့ပုံစံက ဒီလိုပါ။ Spider-man ရဲ့တစ်ကိုယ်တော်ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သတ်တဲ့လုပ်ပိုင်ခွင့်တွေကို Sony ကရယူထားပြီး Marvel ကတော့ Spider-man ရဲ့ပွဲထွက်မယ့်ပုံပန်းသွင်ပြင်နဲ့ ဒီဇိုင်းစတိုင်လ်ကိုကြိုက်သလိုဖန်တီးခွင့်ရှိတာပါပဲ။ Caption Amercia: Civil War မှာငယ်ရွယ်သစ်လွင်ပြီး အရည်အသွေးပြည့်ဝတဲ့ Spider-man ရဲ့ရုပ်လုံးသစ်ကို အားလုံးကတွေ့မြင်ခဲ့ကြရမှာပါ။ ဒီနှစ်မှာထွက်ရှိမယ့် Spider-man Homecoming ဇာတ်ကားဟာ Sony, Marvel ကုမ္မဏီနှစ်ခုရဲ့အကျိုးတူလက်တွဲပူးပေါင်းထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။
၂၀၀၅ ခုနှစ်မှာပွဲထွက်ခဲ့တဲ့ 20th Century Fox ရဲ့ Fantastic 4 ဟာခြေလှမ်းတွေကောင်းခဲ့သလိုနဲ့ နောက်ဆက်တွဲအခွေထွက်အပြီးနောက် အချိန်ကြာလာတာနဲ့အမျှ တိမ်မြှုပ်ပျောက်ကွယ်သွားခဲ့ပါတယ်။ မကြာသေးမှီကမှ ထွက်ရှိခဲ့တဲ့ Fantastic 4 ရုပ်ရှင်သစ်ဟာလည်း ခွက်ခွက်လန်ရှုံးတယ်လို့ ပြောရလောက်အောင် ဈေးလန်သွားခဲ့ပါတယ်။ ဒါပေမယ့် 20th Century Fox ကတော့ဇွဲမလျှော့ဘဲနောက်တစ်ခွေထပ်ထုတ်မယ်လို့ စိုင်းပြင်းနေပါတယ်။ Marvel ရဲ့ပြသာနာက ဘာလဲဆိုတော့ သူတို့ Universe ထဲမှာဖန်တီးလိုက်တဲ့စူပါဟီးရိုးတွေအားလုံးက သူ့အလိုလို 20th Century Fox ရဲ့ပိုင်ဆိုင်မှုတွေဖြစ်ကုန်တာပါပဲ။ ဒီတော့ Marvel ဘာလို့ရုပ်ရှင်တွေအများကြီးထုတ်တာလဲဆိုတာကိုတော့ အထွေအထူးရှင်းပြနေစရာမလိုတော့ဘူးထင်ပါတယ်။
Bryan Singer ရဲ့ X-Men ရုပ်ရှင်ထွက်ရှိခဲ့ပြီးနောက်မှာတော့ နောက်ထပ်ရာစုသစ်လူစွမ်းကောင်းတွေအတွက် ပိတ်ကားပေါ်မှာဆက်လက်အသက်ရှင်နိုင်မယ့်လမ်းကြောင်း ပွင့်သွားခဲ့ပါတယ်။ 20th Century Fox က X-Men ကိုအပြည့်အဝပိုင်ဆိုင်တာတော့ မဟုတ်ပါဘူး။ ပထမအချက်က ရုပ်သံလိုင်းတွေ၊ ဇာတ်ကားတွေမှာ X-Men ကိုအသုံးပြုခွင့်ရဖို့ Marvel ကသဘောတူစာချူပ်ချူပ်ဆိုမှသာ အသုံးပြုခွင့်ရပါတယ်။ ဒုတိယအချက်ကတော့ X-Men ကာတွန်း Universe အောက်က သန္ဓေပြောင်းလူသား "mutant" ဆိုတဲ့စကားလုံးအပြင် အဲစကားလုံးနဲ့ပတ်သတ်ဆက်နွယ်နေတဲ့ ဇာတ်ကောင်တွေအားလုံးကို 20th Century Fox ကပိုင်ဆိုင်ပါတယ်။
ရူးနှမ်းရိုင်းစိုင်းတဲ့ စူပါဇာတ်ကောင်လို့ လူတွေသိကြတဲ့နာမည်ကျော် Deadpool ကိုလည်း Marvel ကမပိုင်တော့ပါဘူး။ ၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ X-Men ဇာတ်ကားမှာ Ryan Reynolds သရုပ်ဆောင်တဲ့ Deadpool ဇာတ်ကောင်ကိုပွဲထွက်ပြသခဲ့ပေမယ့်လည်း တကယ့် fan တွေအတွက်တော့ ဆွံ့အပြီးသရုပ်ပျက်တဲ့ဇွန်ဘီအကောင်အမြင်နဲ့သာ အဆုံးသတ်သွားခဲ့ရပါတယ်။ ဒါပေမယ့်တစ်ကိုယ်တော်ရုပ်ရှင်ထွက်လာတဲ့အချိန်မှာတော့ စောင့်မျှော်နေတဲ့ပရိသတ်တွေရဲ့မျှော်လင့်ချက်ဟာ အရောင်ပြန်တောက်သွားခဲ့ရပါတယ်။ နောက်တစ်ခွေထွက်ရှိတော့မယ့် Marvel ရဲ့ Deadpool ဇာတ်ကားဟာလည်း X-Men နဲ့တစ်နည်းဆက်နွယ်နေတာဖြစ်လို့ ဘယ်သူပိုင်ဆိုင်သလဲဆိုတာကတော့ အထူးပြောနေစရာလိုမယ်မထင်ပါဘူး။
Fantastic 4 နဲ့အတူရုပ်လုံးထွက်ပြခဲ့တဲ့ Silver Surfer ရဲ့ဇာတ်ကွက်တွေကို အနည်းအကျင်းသာတွေ့မြင်လိုက်ရပေမယ့် ပရိသတ်တွေက မှတ်မိနေကြပါတယ်။ Fantastic 4 ရဲ့နဲ့ကျရှုံးမှုနဲ့အတူ သတင်းအစအနမကြားရတော့တဲ့ Sliver Surfer လိုဇာတ်ကောင်မျိုးဟာ ကိုယ်ပိုင်တစ်ကိုယ်တော်ရုပ်ရှင်မျိုးရိုက်ကူးထုတ်လုပ်သင့်ပါတယ်။ Marvel စတူဒီယိုဟာ Sliver Surfer ဇာတ်ကောင်ရဲ့ပိုင်ဆိုင်ခွင့်နောက်က အကျိုးအမြတ်ကိုမြင်တဲ့အတွက် အစောကြီးကတည်းက Fox ဆီကမ်းလှမ်းချက်တင်ခဲ့ပြီးသားပါ။ နောက်ပိုင်း Sliver Surfer ရဲ့ရပိုင်ခွင့်ကို Daredevil နဲ့ပြန်လဲလှယ်ဖို့ကြံစည်ခဲ့ပေမယ့်လည်း အချိန်တွေသာကြာညောင်းပြီးအထမမြောက်ခဲ့တဲ့အတွက် Silver Surfer ကို 20th Century Fox ရဲ့လက်အောက်ကနေ ပြန်မရယူနိုင်သေးပါဘူး။
Thanos နဲ့ယှဉ်ရင်တောင် သူလိုကိုယ်လိုအဆင့်ရှိပြီး Marvel ရဲ့အကြီးမားဆုံးသောလူဆုံးဗီလိန်ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ Galactus ဟာလည်း Fox ရဲ့လက်အောက်မှာ ချယ်လှယ်ခံနေရသူပါ။ ဘာဖြစ်လို့လည်းဆိုတော့ Fantastic 4, Sliver Surfer အသုတ်မှာကတည်းက Galactus ကိုပါရောပြီးရောင်းထုတ်ခဲ့လို့ပါပဲ။ Fantastic 4 ရဲ့အဓိကလူဆိုးကြီးဖြစ်တဲ့အပြင် MCU ရဲ့ဗီလိန်အကြီးစားဖြစ်တဲ့အတွက် လောလောဆယ်မှာ အစအနဖျောက်ထားပြီး အနာဂတ်ရဲ့ရုပ်ရှင်ပိတ်ကားပေါ်မှာဝင်ဆံ့ဖို့ Fox က ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
စူပါဟီးရိုးတွေကိုအရမ်းကြိုက်နှစ်သက်ကြတဲ့ပရိသတ်တွေအတွက်တော့ အံ့အားသင့်သွားစေမှာအမှန်ပါပဲ။ Marvel ကလူစွမ်းကောင်းတွေကိုဖန်တီးပြီး မာကတ်တင်းကောင်းကောင်းနဲ့ အရောင်းဈေးကွက်ထဲပို့နေသလားတောင် ထင်မှတ်ရပါတယ်။ Marvel ရဲ့ Avenger ရုပ်ရှင်အတွက် အချက်အခြာကျတဲ့ဇာတ်ကောင်နေရာယူထားရတဲ့ Hulk ကို Universal ကပိုင်ဆိုင်တယ်လို့ အမည်ခံထားပေမယ့် အပြည့်အဝတော့မဟုတ်ပါဘူး။ ထုတ်လုပ်ရေးအဆင့်မှာ Universal ကလုပ်ပိုင်ခွင့်တွေရထားပေမယ့် ဖြန့်ချိရေးအပိုင်းမှာတော့ Marvel နဲ့စကားပြောရပါတယ်။ အဲဒါဘာကိုဆိုလိုသလည်းဆိုတော့ Hulk ရဲ့တစ်ကိုယ်တော်ရုပ်ရှင်တိုင်းအတွက် Universal ကနောက်ဆုံးအချောသတ်ဗားရှင်းကို ဇာတ်ရှင်ရုံတစ်ခုချင်းစီ လိုက်လံပြသပြီး ညှိနှိုင်းရပါတယ်။ အဲဒီတော့တကယ်တမ်းအားလုံးပြီးစီးရုပ်ရှင်ထွက်မယ့်အချိန်မှာ ဇာတ်ကြောင်းဇာတ်အိမ်တော်တော်များများက ယိုစိမ့်ပေါက်ကြားပြီး ပလိုင်းပေါက်နဲ့ဖားကောက်သလိုဖြစ်နေတဲ့အတွက် ၂၀၀၈ ခုနှစ်ရဲ့ The Incredible Hulk ရုပ်ရှင်ပြီးတဲ့နောက်မှာ Hulk ရဲ့တစ်ကိုယ်တော်ဇာတ်ကားတွေ မထွက်ရှိတော့တာဖြစ်ပါတယ်။
20th Century Fox ကတော့ Marvel ရဲ့ထုတ်ကုန်တွေကို ဒိုင်ခံအားပေးနေတဲ့ဖောက်သည်ပါပဲ။ X-Men နဲ့ Deadpool ရဲ့လုပ်ပိုင်ခွင့်တွေကို လွှဲအပ်လိုက်ကတည်းက Wolverine ဇာတ်ကောင်ဟာ ပါသွားခဲ့တာပါ။ ဒါပေမယ့်လည်း Fox က Wolverine ကိုသူနဲ့ထိုက်သင့်တဲ့နေရာပေးပြီး ၂၀၀၀ ခုနှစ်မှာ Fox ရဲ့စူပါဟီးရိုးပြရုပ်အဖြစ် တစ်ကိုယ်တော်ရုပ်ရှင်နဲ့ပွဲထုတ်ခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး အဲဒီဇာတ်ကားပြီးတဲ့နောက်မှာလည်း Wolverine ရဲ့တစ်ကိုယ်တော် နောက်ဆက်တွဲအခွေသုံးကားကို ရိုက်ကူးတင်ဆက်ခဲ့ပါတယ်။ ဒါပေမယ့်လည်းစိတ်မကောင်းစွာနဲ့ ဒီနှစ်ရဲ့ Logan ဇာတ်ကားမှာ Hugh Jackman ရဲ့ Wolverine ဇာတ်ကောင်ဟာ ပရိသတ်အားလုံးကိုခွဲခွာအဆုံးသတ်သွားခဲ့ပါတယ်။
8 Superheros that Marvel don't own anymore
Yan (27.6.2017)
Ref: Cheatsheet
1. Spider-man (ပိုင်ဆိုင်သူ: Sony Picture)

2: Fantastic 4 (ပိုင်ဆိုင်သူ : 20th Century Fox)
၂၀၀၅ ခုနှစ်မှာပွဲထွက်ခဲ့တဲ့ 20th Century Fox ရဲ့ Fantastic 4 ဟာခြေလှမ်းတွေကောင်းခဲ့သလိုနဲ့ နောက်ဆက်တွဲအခွေထွက်အပြီးနောက် အချိန်ကြာလာတာနဲ့အမျှ တိမ်မြှုပ်ပျောက်ကွယ်သွားခဲ့ပါတယ်။ မကြာသေးမှီကမှ ထွက်ရှိခဲ့တဲ့ Fantastic 4 ရုပ်ရှင်သစ်ဟာလည်း ခွက်ခွက်လန်ရှုံးတယ်လို့ ပြောရလောက်အောင် ဈေးလန်သွားခဲ့ပါတယ်။ ဒါပေမယ့် 20th Century Fox ကတော့ဇွဲမလျှော့ဘဲနောက်တစ်ခွေထပ်ထုတ်မယ်လို့ စိုင်းပြင်းနေပါတယ်။ Marvel ရဲ့ပြသာနာက ဘာလဲဆိုတော့ သူတို့ Universe ထဲမှာဖန်တီးလိုက်တဲ့စူပါဟီးရိုးတွေအားလုံးက သူ့အလိုလို 20th Century Fox ရဲ့ပိုင်ဆိုင်မှုတွေဖြစ်ကုန်တာပါပဲ။ ဒီတော့ Marvel ဘာလို့ရုပ်ရှင်တွေအများကြီးထုတ်တာလဲဆိုတာကိုတော့ အထွေအထူးရှင်းပြနေစရာမလိုတော့ဘူးထင်ပါတယ်။
3. X-Men (ပိုင်ဆိုင်သူ : 20th Century Fox)
Bryan Singer ရဲ့ X-Men ရုပ်ရှင်ထွက်ရှိခဲ့ပြီးနောက်မှာတော့ နောက်ထပ်ရာစုသစ်လူစွမ်းကောင်းတွေအတွက် ပိတ်ကားပေါ်မှာဆက်လက်အသက်ရှင်နိုင်မယ့်လမ်းကြောင်း ပွင့်သွားခဲ့ပါတယ်။ 20th Century Fox က X-Men ကိုအပြည့်အဝပိုင်ဆိုင်တာတော့ မဟုတ်ပါဘူး။ ပထမအချက်က ရုပ်သံလိုင်းတွေ၊ ဇာတ်ကားတွေမှာ X-Men ကိုအသုံးပြုခွင့်ရဖို့ Marvel ကသဘောတူစာချူပ်ချူပ်ဆိုမှသာ အသုံးပြုခွင့်ရပါတယ်။ ဒုတိယအချက်ကတော့ X-Men ကာတွန်း Universe အောက်က သန္ဓေပြောင်းလူသား "mutant" ဆိုတဲ့စကားလုံးအပြင် အဲစကားလုံးနဲ့ပတ်သတ်ဆက်နွယ်နေတဲ့ ဇာတ်ကောင်တွေအားလုံးကို 20th Century Fox ကပိုင်ဆိုင်ပါတယ်။
4. Deadpool (ပိုင်ဆိုင်သူ :20th Century Fox)
ရူးနှမ်းရိုင်းစိုင်းတဲ့ စူပါဇာတ်ကောင်လို့ လူတွေသိကြတဲ့နာမည်ကျော် Deadpool ကိုလည်း Marvel ကမပိုင်တော့ပါဘူး။ ၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ X-Men ဇာတ်ကားမှာ Ryan Reynolds သရုပ်ဆောင်တဲ့ Deadpool ဇာတ်ကောင်ကိုပွဲထွက်ပြသခဲ့ပေမယ့်လည်း တကယ့် fan တွေအတွက်တော့ ဆွံ့အပြီးသရုပ်ပျက်တဲ့ဇွန်ဘီအကောင်အမြင်နဲ့သာ အဆုံးသတ်သွားခဲ့ရပါတယ်။ ဒါပေမယ့်တစ်ကိုယ်တော်ရုပ်ရှင်ထွက်လာတဲ့အချိန်မှာတော့ စောင့်မျှော်နေတဲ့ပရိသတ်တွေရဲ့မျှော်လင့်ချက်ဟာ အရောင်ပြန်တောက်သွားခဲ့ရပါတယ်။ နောက်တစ်ခွေထွက်ရှိတော့မယ့် Marvel ရဲ့ Deadpool ဇာတ်ကားဟာလည်း X-Men နဲ့တစ်နည်းဆက်နွယ်နေတာဖြစ်လို့ ဘယ်သူပိုင်ဆိုင်သလဲဆိုတာကတော့ အထူးပြောနေစရာလိုမယ်မထင်ပါဘူး။
5. Silver Surfer (ပိုင်ဆိုင်သူ :20th Century Fox)
Fantastic 4 နဲ့အတူရုပ်လုံးထွက်ပြခဲ့တဲ့ Silver Surfer ရဲ့ဇာတ်ကွက်တွေကို အနည်းအကျင်းသာတွေ့မြင်လိုက်ရပေမယ့် ပရိသတ်တွေက မှတ်မိနေကြပါတယ်။ Fantastic 4 ရဲ့နဲ့ကျရှုံးမှုနဲ့အတူ သတင်းအစအနမကြားရတော့တဲ့ Sliver Surfer လိုဇာတ်ကောင်မျိုးဟာ ကိုယ်ပိုင်တစ်ကိုယ်တော်ရုပ်ရှင်မျိုးရိုက်ကူးထုတ်လုပ်သင့်ပါတယ်။ Marvel စတူဒီယိုဟာ Sliver Surfer ဇာတ်ကောင်ရဲ့ပိုင်ဆိုင်ခွင့်နောက်က အကျိုးအမြတ်ကိုမြင်တဲ့အတွက် အစောကြီးကတည်းက Fox ဆီကမ်းလှမ်းချက်တင်ခဲ့ပြီးသားပါ။ နောက်ပိုင်း Sliver Surfer ရဲ့ရပိုင်ခွင့်ကို Daredevil နဲ့ပြန်လဲလှယ်ဖို့ကြံစည်ခဲ့ပေမယ့်လည်း အချိန်တွေသာကြာညောင်းပြီးအထမမြောက်ခဲ့တဲ့အတွက် Silver Surfer ကို 20th Century Fox ရဲ့လက်အောက်ကနေ ပြန်မရယူနိုင်သေးပါဘူး။
6. Galactus (ပိုင်ဆိုင်သူ :20th Century Fox)
Thanos နဲ့ယှဉ်ရင်တောင် သူလိုကိုယ်လိုအဆင့်ရှိပြီး Marvel ရဲ့အကြီးမားဆုံးသောလူဆုံးဗီလိန်ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ Galactus ဟာလည်း Fox ရဲ့လက်အောက်မှာ ချယ်လှယ်ခံနေရသူပါ။ ဘာဖြစ်လို့လည်းဆိုတော့ Fantastic 4, Sliver Surfer အသုတ်မှာကတည်းက Galactus ကိုပါရောပြီးရောင်းထုတ်ခဲ့လို့ပါပဲ။ Fantastic 4 ရဲ့အဓိကလူဆိုးကြီးဖြစ်တဲ့အပြင် MCU ရဲ့ဗီလိန်အကြီးစားဖြစ်တဲ့အတွက် လောလောဆယ်မှာ အစအနဖျောက်ထားပြီး အနာဂတ်ရဲ့ရုပ်ရှင်ပိတ်ကားပေါ်မှာဝင်ဆံ့ဖို့ Fox က ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
7. The Incredible Hulk (ပိုင်ဆိုင်သူ :Universal)
စူပါဟီးရိုးတွေကိုအရမ်းကြိုက်နှစ်သက်ကြတဲ့ပရိသတ်တွေအတွက်တော့ အံ့အားသင့်သွားစေမှာအမှန်ပါပဲ။ Marvel ကလူစွမ်းကောင်းတွေကိုဖန်တီးပြီး မာကတ်တင်းကောင်းကောင်းနဲ့ အရောင်းဈေးကွက်ထဲပို့နေသလားတောင် ထင်မှတ်ရပါတယ်။ Marvel ရဲ့ Avenger ရုပ်ရှင်အတွက် အချက်အခြာကျတဲ့ဇာတ်ကောင်နေရာယူထားရတဲ့ Hulk ကို Universal ကပိုင်ဆိုင်တယ်လို့ အမည်ခံထားပေမယ့် အပြည့်အဝတော့မဟုတ်ပါဘူး။ ထုတ်လုပ်ရေးအဆင့်မှာ Universal ကလုပ်ပိုင်ခွင့်တွေရထားပေမယ့် ဖြန့်ချိရေးအပိုင်းမှာတော့ Marvel နဲ့စကားပြောရပါတယ်။ အဲဒါဘာကိုဆိုလိုသလည်းဆိုတော့ Hulk ရဲ့တစ်ကိုယ်တော်ရုပ်ရှင်တိုင်းအတွက် Universal ကနောက်ဆုံးအချောသတ်ဗားရှင်းကို ဇာတ်ရှင်ရုံတစ်ခုချင်းစီ လိုက်လံပြသပြီး ညှိနှိုင်းရပါတယ်။ အဲဒီတော့တကယ်တမ်းအားလုံးပြီးစီးရုပ်ရှင်ထွက်မယ့်အချိန်မှာ ဇာတ်ကြောင်းဇာတ်အိမ်တော်တော်များများက ယိုစိမ့်ပေါက်ကြားပြီး ပလိုင်းပေါက်နဲ့ဖားကောက်သလိုဖြစ်နေတဲ့အတွက် ၂၀၀၈ ခုနှစ်ရဲ့ The Incredible Hulk ရုပ်ရှင်ပြီးတဲ့နောက်မှာ Hulk ရဲ့တစ်ကိုယ်တော်ဇာတ်ကားတွေ မထွက်ရှိတော့တာဖြစ်ပါတယ်။
8: Wolverine (ပိုင်ဆိုင်သူ :20th Century Fox)
20th Century Fox ကတော့ Marvel ရဲ့ထုတ်ကုန်တွေကို ဒိုင်ခံအားပေးနေတဲ့ဖောက်သည်ပါပဲ။ X-Men နဲ့ Deadpool ရဲ့လုပ်ပိုင်ခွင့်တွေကို လွှဲအပ်လိုက်ကတည်းက Wolverine ဇာတ်ကောင်ဟာ ပါသွားခဲ့တာပါ။ ဒါပေမယ့်လည်း Fox က Wolverine ကိုသူနဲ့ထိုက်သင့်တဲ့နေရာပေးပြီး ၂၀၀၀ ခုနှစ်မှာ Fox ရဲ့စူပါဟီးရိုးပြရုပ်အဖြစ် တစ်ကိုယ်တော်ရုပ်ရှင်နဲ့ပွဲထုတ်ခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး အဲဒီဇာတ်ကားပြီးတဲ့နောက်မှာလည်း Wolverine ရဲ့တစ်ကိုယ်တော် နောက်ဆက်တွဲအခွေသုံးကားကို ရိုက်ကူးတင်ဆက်ခဲ့ပါတယ်။ ဒါပေမယ့်လည်းစိတ်မကောင်းစွာနဲ့ ဒီနှစ်ရဲ့ Logan ဇာတ်ကားမှာ Hugh Jackman ရဲ့ Wolverine ဇာတ်ကောင်ဟာ ပရိသတ်အားလုံးကိုခွဲခွာအဆုံးသတ်သွားခဲ့ပါတယ်။
8 Superheros that Marvel don't own anymore
Yan (27.6.2017)
Ref: Cheatsheet
Comments
Post a Comment