သင်သိပါသလား?
1990 ခုနှစ်တုန်းက ပေါင်းပေးဖို့ရည်ရွယ်ထားတဲ့ Fantastic 4 အဖွဲ့ဝင်လေးယောက်က Wolverine, Spiderman, Ghost Rider နဲ့ Hulk တို့ပဲဖြစ်ကျပါတယ်။
တချိန်တုန်းက Ghost Rider ဟာ Doctor Strange ကို Lucifer အသွင်ပြောင်းပြီးကမ္ဘာမြေကိုရောက်ရှိလာတယ်လို့ထင်မှတ်ပီး သူ့ရဲ့ Penance Stare နဲ့ကြည့်ပြီးသတ်ပစ်ခဲ့ဖူးပါတယ်။
Spiderman ရဲ့ spider sense ဟာအလွန်ကိုပဲထက်မြက်ပါတယ်။ ဘယ်လောက်တောင်ထက်မြက်သလည်းဆိုရင် ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတွေ နေပူစာလုံ့နေတဲ့ အချိန်မျိုးတွေမှာဆိုရင်တောင် အချက်ပေးပါတယ်။
Deadpool ဟာ Bob လို့အမည်ရတဲ့နောက်လိုက်တဦးရှိပါတယ်။ Hydra Agent တယောက်ဖြစ်ပြီး တိတ်တဆိတ်လှုပ်ရှားရမဲ့ အစီအစဉ်တွေနဲ့ သွားဘက်ဆိုင်ရာကိစ္စရပ်တွေဆောင်ရွက်ဖို့ Hydra ကိုဆက်သွယ်ခဲ့တာပါ။ တိုက်ခိုက်ရေးလေ့ကျင့်မှုနဲ့ အတွေ့အကြုံမရှိတဲ့ Bob ကို Deadpool ဟာအန္တရာယ်များတဲ့ စစ်ဆင်ရေးတွေဆီ စိတ်ပျော်ရွင်အပန်းပြေစေဖို့ ရည်ရွယ်ချက်နဲ့ ခေါ်သွားလေ့ရှိပါတယ်.
Wolverine ဟာတိရစ္ဆာန်တွေရဲ့ သာမန်အသိကိုဖတ်နိုင်တဲ့ အာရုံရှိပါတယ်။ ဒါကြောင့် ဘယ်တိရစ္ဆာန်တွေက ၀မ်းနည်းနေတယ်၊ ပျော်နေတယ်၊ ဒေါသထွက်နေတယ် အစရှိသဖြင့်သိနေသလို အဲ့ဒီ့တိရစ္ဆာန်တွေကလည်း သူ့နဲ့ပြန်ပြီးဆက်သွယ်လို့ရနေပါတယ်။
Punisher ကိုအစက Spiderman ရဲ့အဓိကရင်ဆိုင်ရမဲ့လူဆိုးဗီလိန်နေရာမှာထားဖို့ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
Deadpool ဟာတခါတလေမှာ အကျိုးမရှိတဲ့စကားဝိုင်းဖြစ်လာတော့မယ်လို့ယူဆရင် သူပါဝင်ပတ်သတ်နေရဖို့ကိုရပ်တန့်ဖို့အတွက် သူ့ရဲ့ခေါင်းကို သူ့ဘာသာသူပြန်သေနတ်နဲ့ပစ်ပြီး သတိပေးဟန့်တားတတ်ပါတယ်။
တချိန်တုန်းက Hulk ဟာသူ့ရဲ့အစွမ်းကိုနောက်ဆုံးအခြေအနေထိရောက်အောင်ပြောင်းလဲသွားပြီး ကမ္ဘာကြီးရဲ့နှစ်ဆလောက်ရှိတဲ့ ဂြိုလ်တခုကို လက်သီးတချက်တည်းနဲ့ ကြေမွသွားအောင်ထိုးခဲ့ဖူးပါတယ်။
Deadpool အပြစ်ရှိသလား မရှိဘူးလားဆိုတာကို Ghost Rider ရဲ့ Penance Stare ကမဆုံးဖြတ်ပေးနိုင်ပါဘူး။ သူကြည့်လိုက်တဲ့အခါမှာ Deadpool ရဲ့အတိတ်က ဖြစ်ခဲ့သမျှအရာတွေကိုပြန်မြင်သွားပြီး Ghost Rider အဖြစ်ကနေ Johnny Blaze အဖြစ်ကိုပြောင်းသွားပါတယ်။
Deadpool ဟာ Thanos ထိတောင်တက်ပြီး နောက်ပြောင်တဲ့ တစ်ဦးတည်းသော Marvel ဇာတ်ကောာင်ဖြစ်ပါတယ်။
Deadpool ဟာ Marvel မှာအကျော်ကြားဆုံးဇာတ်ကောင်ဖြစ်ပါတယ်။ အရင်အကျော်ကြားဆုံးဖြစ်ခဲ့သူကတော့ Spideman ပဲဖြစ်ပါတယ်။
To Be Continued,
Ref from All Things DC and Marvel
Comments
Post a Comment