တုနှိုင်းမဲ့အဖျက်စွမ်းအားနဲ့ Justice League တစ်ဖွဲ့လုံးဝိုင်းဝန်းဖန်တီးခဲ့တဲ့ Hellbat ဝတ်စုံ


အခုပြောပြမဲ့အကြောင်းအရာကတော့ DC Universe သမိုင်းတလျှောက် comic တွေထဲမှာရော movie တွေမှာပါ Batman ၀တ်ဆင်တိုက်ခိုက်ခဲ့တဲ့ Batsuit တွေနဲ့ Armor တွေထဲက အဖျက်စွမ်းအားအပြင်းထန်ဆုံးလို့ယူဆထားတဲ့ Batman ရဲ့ Hellbat Suit အကြောင်းပဲဖြစ်ပါတယ်။ အဲဒီ Hellbat Suit ကို Bruce Wayne က သူမထိန်းချုပ်မကိုင်တွယ်နိုင်တဲ့ ရန်သူတွေ အဆိုးရွားဆုံးဘေးအန္တရာယ်တွေ ကျရောက်လာတဲ့အခါအခြား Superhero တွေနီးတူ တိုက်ပွဲတွေမှာ ရင်ဆိုင်ပါဝင်ဖို့ ရည်ရွယ်ချက်နဲ့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူဟာ Justice League ထဲမှာတစ်ဦးတည်းသောလူသားဖြစ်နေတာကြောင့် Justice League ကလည်း Hellbat ၀တ်စုံကိုပြုလုပ်ဖို့သဘောတူခဲ့ရပါတယ်။

ဒါပေမဲ့ အဲဒီ Hellbat Suit ကိုသူတစ်ယောက်တည်းရဲ့ နည်းပညာ၊ အစွမ်းအစတွေနဲ့ တည်ဆောက်ခဲ့တာမဟုတ်ပါဘူး။ Hellbat လို့အမည်ရတဲ့ဝတ်စုံရဲ့ကိုယ်လုံးကိုယ်ထည်ကို Superman ကိုယ်တိုင်နေရဲ့အထဲမှာ ကိုယ်တိုင်ကိုယ်ကျထုဆစ်ခဲ့ပါတယ်။ ၀တ်စုံရဲ့အတောင်ပံတွေနဲ့ ပျံသန်းခြင်းစနစ်ကို တည်ဆောက်တဲ့နေရာမှာတာဝန်ယူသူကတော့ Green Lantern ပါ။ အဲဒီဝတ်စုံရဲ့ချပ်ဝတ်တန်ဆာဟာ အမြန်နှုန်းရဲ့စွမ်းအင်ဒဏ်ကို ခံနိုင်ရည်ရှိမရှိ စမ်းသပ်ခဲ့သူက Flash ဖြစ်ပါတယ်။ ထို့နည်းတူ အဆင့်မြင့်နည်းပညာဝတ်စုံတွေနဲ့ရင်းနှီးထားတဲ့ Cyborg ဟာ နည်းပညာပိုင်းကနေပါဝင်တည်ဆောက်ခဲ့ပြီး Aqua man နဲ့ Wonder woman တို့က voice command  နဲ့ပတ်သတ်တဲ့ Batman လိုအပ်သမျှအချက်အလက်တွေကိုဖြည့်စွက်ကူညီပံ့ပိုးခဲ့ရပါတယ်။

အဖျက်စွမ်းအားပြင်းထန်တဲ့အရာတိုင်းမှာ ကောင်းတဲ့အချက်၊ ဆိုးတဲ့အချက်ဆိုတာရှိနေစမြဲမို့ အဲဒီ Batsuit ဟာလည်းထိုနည်းတူပါပဲ။  အဲဒီ Suit ကိုဝတ်ဆင်ထားရင် လူသားတယောက်ရဲ့ဘောင်ကိုကျော်လွန်တဲ့ အံ့မခန်းအစွမ်းသတ္တိတွေရရှိလာတယ်ဆိုပေမဲ့ အဲဒီဝတ်စုံက ဝတ်ဆင်သူရဲ့ဇီဝဓာတ်နဲ့စွမ်းအင်ကိုတဖြည်းဖြည်းစုပ်ယူပါတယ်။ အချိန်အတိုင်းအတာတစ်ခုကြာတဲ့ထိ ၀တ်ဆင်ထားမယ်ဆိုရင် အားအင်တွေကုန်ခမ်းပြီး အသက်ဝိညာဉ်ကိုတောင် တဖြည်းဖြည်းနုတ်ယူသွားနိုင်ပါတယ်။ ၀တ်စုံရဲ့အစွမ်းသတ္တိတွေကို အကြမ်းဖျင်းပြောပြရမယ်ဆိုရင်တော့ ၀တ်စုံတည်ဆောက်ထားပုံအရ နောက်ဘက်မှာရှိတဲ့ဝတ်ရုံဟာ ပျံသန်းလိုတဲ့အခါ အတောင်ပံတစ်စုံအဖြစ်ပြောင်းလဲသွားပြီး သိန်းပေါင်းများစွာသောနာနိုမှုန်မြူတွေနဲ့ဖွဲ့စည်းထားတဲ့ ကွန်ရက်ဇကာတွေနဲ့ပြုလုပ်ထားတာဖြစ်လို့ မြန်နှုန်းမြင့်ပျံသန်းဖို့စွမ်းအင်ကိုရရှိစေပါတယ်။ အဲဒီနာနိုမှုန်မြူလေးတွေဟာဝတ်ရုံကနေတဆင့် စွမ်းအင်လည်ပတ်နေတဲ့ဝတ်ဆင်သူခန္ဓာကိုယ်ကို ၀င်ရောက်ပြီး တခြားနေရာကနောက်တစ်နေရာကို အသွင်ပြောင်းကူးသွားစေနိုင်လို့ မထင်မှတ်တဲ့နေရာမှာ အလုံးအထည်ကိုလိုသလို ပြန်လည်ဖွဲ့စည်းနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ အဲဒီဂုဏ်သတ္တိကို မိမိကိုယ်ကိုကာကွယ်တဲ့နေရာမှာလည်းအသုံးပြုနိုင်ပြီး တင့်ကားလို၊ အမြှောက်ကားလိုတောင့်တင်းမာကြောတဲ့အရာတွေကို ဖျက်ဆီးပိုင်းဖြတ်တဲ့နေရာမှာလည်း အသုံးပြုတိုက်ခိုက်နိုင်ပါတယ်။ နောက်ထပ်ဝတ်စုံရဲ့
ရင်ဘတ်မှာရှိတဲ့ လင်းနို့ပုံစံတံဆိပ်ကနေတဆင့် စွမ်းအင်တွေအားလုံးကိုယာယီသိုလှောင်ပြီး ပြင်းထန်တဲ့လေဆာပေါက်ကွဲမှုကို ထုတ်လွှတ်နိုင်ပါသေးတယ်။

ဘယ်လိုပဲပြောပြောပါ အဲဒီ Hellbat Suit ဟာ Batman ရဲ့သားသေဆုံးသွားတဲ့နောက် Darkseid နဲ့ Batman တစ်ယောက်တစ်ယောက်ချင်း အသေအကြေရင်ဆိုင်တိုက်ခိုက်ခဲ့တုန်းက Darkseid ရဲ့ဖျက်ဆီးချေမှုန်းခြင်းကိုခံလိုက်ရပါတယ်။ ဒါပေမဲ့ ပျက်စီးသွားတဲ့ဝတ်စုံရဲ့အစိတ်အပိုင်းတွေဟာ လင်းနို့အုပ်ကြီးအဖြစ်ကိုပြောင်းလဲသွားပြီး Hellbat ၀တ်စုံရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့အဖြစ်ပြန်လည်ဖွဲ့စည်းသွားခဲ့ပါတယ်။ အဲဒါကြောင့် Batman ဟာ ၀တ်စုံပြည့်နဲ့ဆက်တိုက်နေသေးရင် သူကိုယ်တိုင်ရဲ့အသက်အန္တရာယ်ကိုပါ ထိခိုက်လာနိုင်တဲ့အတွက် voice command ကနေတဆင့် လက်အိတ်နဲ့ခေါင်းဆောင်းကလွဲလို့ ၀တ်စုံရဲ့အချို့အစိတ်အပိုင်းတွေကို ဖယ်ထုတ်လိုက်ပြီး Darkseid ကိုတဖန်ပြန်လည်လို့တိုက်ပွဲဝင်ခဲ့ပါတယ်။ အဲဒီဝတ်စုံနဲ့ပဲ Batman ဟာ Darkseid ဆိုတဲ့ Justice League ရဲ့ရန်သူတော်ကြီးကိုတောင် သူတစ်ယောက်တည်းနဲ့တင် အနိုင်ရခါနီးပါး အကြိတ်အနှိယ်တိုက်ခိုက်ခွင့်ရလိုက်ပါတယ်။ အဲ့ဒါအပြင် အဲဝတ်စုံနဲ့ပဲ Batman ဟာ Darkseid ရဲ့သားအကြီးဆုံးဖြစ်တဲ့ Kalibak နဲ့ ဆိုးသွမ်းကြမ်းကြုတ်လှတဲ့ parademon တွေစုပေါင်းထားတဲ့စစ်တပ်ကြီးကို တစ်ယောက်တည်း အလဲတိုက်ပြခဲ့ပါသေးတယ်။ အခုဖော်ပြထားတဲ့အချက်အလက်တွေအရဆိုရင် Hellbat Suit ဟာ Batman v Superman: Dawn of Justice ထဲက Superman ကိုတိုက်ခိုက်တဲ့နေရာမှာ ၀တ်တဲ့ Mech Armor နဲ့ကွာဟချက်တော်တော်များများရှိတဲ့ပုံပါပဲ။ Hellbat Suit ကိုဝတ်ဆင်ပြီး Batman ပြင်းပြင်းထန်ထန်တိုက်ခိုက်တဲ့ပုံရိပ်အချို့ကိုမြင်ချင်ရင်တော့ Batman and Robin: Robin rises (Omega, Alpha) စတဲ့ comic ဇာတ်လမ်းအပိုင်းတွေမှာပဲ သွားရောက်လှန်လျောပြီးရှာဖွေဖတ်ကြည့်ကြပါလို့ ဒီကနေညွန်းပေးလိုက်ရပါတယ်။


Ref: DCU wikia dadabse, Comicvine and Wikipedia



Comments