DC Universe Fast Facts (Pt.1)



သင်သိပါသလား?

Superman ဟာကမ္ဘာပေါ်မှာရှိတဲ့ နှလုံးခုန်သံတွေအားလုံးကိုကြားနိုင်ပါတယ်။ ဘယ်နှလုံးခုန်သံက Bruce Wayne ဟာဆိုတာကို အတိအကျပြောနိုင်ပါတယ်။


Batman ဘုရားသခင်အသစ်ဖြစ်ခဲ့တုန်းက Mobius Chair ကိုမေးခွန်းနှစ်ခုမေးခဲ့ပါတယ်။ ပထမတစ်ခုက သူ့ မိဘနှစ်ပါးကိုဘယ်သူသတ်ခဲ့သလည်းဆိုတာနဲ့ နောက်တခုကတော့ Joker ရဲ့နာမည်အရင်းက ဘယ်သူဖြစ်သလည်းဆိုတာပါ။ သူ့မိဘနှစ်ပါးကိုသတ်ခဲ့တဲ့သူကတော့ Joe Chill ဆိုသူဖြစ်ပြီး Joker ရဲ့နာမည်အရင်းကိုတော့ Mobius Chair ကတောင်မဖော်ပြနိုင်ပါဘူး။ ဒါကို Batman ကမဖြစ်နိုင်ဘူးဆိုပြီးငြင်းခဲ့ပါတယ်။

Harley Quinn ကိုမူလက Joker ရဲ့ဇာတ်ပို့နေရာမှာသာအထောက်အကူပြုဖို့ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့ပါတယ်, ဒါပေမဲ့ နောက်ပိုင်းမှာတော့ Harley Quinn ရဲ့ဇာတ်ကိုပြန်တင်တဲ့အဖွဲ့ The Quinnet ဆိုပြီးထွက်ပေါ်လာခဲ့ပါတယ်.

Batman ရဲ့ မဟာရန်သူဖြစ်သူ Deathstroke (Slade Wilson) ကိုငယ်စဉ်ဘ၀က သူ့ရဲ့မိဘများဟာ အကြွေးတချို့ကိုပေးချေတဲ့အနေနဲ့ Mafia တွေဆီကိုရောင်းစားခဲ့ပါတယ်။

Doomsday ဟာ Green Lantern ပေါင်း ၁ သန်းကျော်ရဲ့သေဆုံးမှုအပေါ်မှာ တာဝန်ရှိသူဖြစ်ပါတယ်။

တခါတုန်းက Flash ဟာကမ္ဘာပေါ်မှာရှိတဲ့ Radio တွေအကုန်လုံးတပြိုင်နက်တည်းဖွင့်ခဲ့ပါတယ်။ အဲ့လိုလုပ်ဖို့အတွက် Flash ဟာ One Septosecond လေးမှာ အလင်းမြန်နှုန်းထက် ခန့်မှန်းခြေ ကုဋေပေါင်းသန်း ၅ ကုဋေ ပိုမြန်အောင်ပြေးရမှာဖြစ်ပါတယ်။


Batman ဟာတချိန်တုန်းက Green Lantern တယောက်ဖြစ်လာဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ လက်စွပ်ဝတ်လိုက်တဲ့အခါမှာ သူ့မိဘတွေသေဆုံးခဲ့တဲ့ဖြစ်စဉ်ရဲ့ ခြောက်လှန့်မှုကိုမခံနိုင်လို့ Lantern တစ်ယောက်မဖြစ်ခဲ့ပါဘူး။


Martin Manhunter ဟာသူ့ရဲ့ molecular structure ကိုအပြည့်အ၀ထိန်းချူပ်နိုင်ပြီး အသွင်ပြောင်းတဲ့ စွမ်းရည်ကိုရရှိထားပါတယ်။ တကယ်တော့ သူ့ရဲ့နောက်ကျောက၀တ်ရုံဟာ သူရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတခုပါပဲ။


Joker ဟာ မျက်နှာဖုံးအောက်က Bruce Wayne ကိုစိတ်မ၀င်စားပါဘူး။ သူရဲ့တခုတည်းသောပစ်မှတ်ကတော့ Dark Knight Batman ပဲဖြစ်ပါတယ်.

Batman ဟာ ဒီကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံးလူသားတဦးဖြစ်တယ်လို့ Superman ဟာ တခါတုန်းကပြောခဲ့ဖူးပါတယ်။

The Rogues ဆိုတဲ့ စူပါဗီလိန်အဖွဲ့တစ်ဖွဲ့ဟာ လူသားဆန်တဲ့စိတ်ဓာတ်အရှိဆုံး ဗီလိန်အဖွဲ့ပါ။ သူတို့ဟာ မိန်းမနဲ့ ကလေးတွေကို မတိုက်ခိုက်ပါဘူး။ ပြီးတော့ အတတ်နိုင်ဆုံး အပျက်အစီးတွေမကြီးမားအောင် ထိန်းပြီး တိုက်ပွဲဝင်ပါတယ်။ Flash နဲ့ ဖြစ်စဉ်အချို့မှာတောင် ပူးပေါင်းခဲ့ပါသေးတယ်။

Spectre ဟာ DC Universe ထဲမှာစွမ်းအားအရှိဆုံး ဇာတ်ကောင်ဆိုတာခုထိအငြင်းပွားစရာဖြစ်နေပါတယ်။ ဘာလို့လည်းဆိုတော့သူဟာ အာကာသကြီးထဲကအမှန်တရားတခုဖြစ်ပြီး လက်တုံ့ပြန်ခြင်းနတ်ဘုရားတွေရဲ့ ရုပ်ကိုယ်ထည်အဖြစ် ကမ္ဘာမြေမှာဖြစ်တည်နေတာကြောင့်ပါ။ ပြီးတော့ သူဟာလူသားတဦးအဖြစ် ဒီကမ္ဘာမြေပေါ်မှာ ထာဝရပေါင်းစည်းနေပြီးသူရဲ့နတ်ဘုရားအစွမ်းနဲ့ မကောင်းမှုတွေကိုအပြစ်ပေးပါတယ်.

To Be Continued,
Ref: All Things DC and Marvel

Comments