သင်သိပါသလား?
Green Lantern ရဲ့လက်စွပ်ဟာ အ၀ါရောင်နဲ့တွေ့ရင်အစွမ်းမရှိတော့ပါဘူး။ တချိန်တုန်းက Batman နဲ့ Robin ဟာ Green Lantern ကိုရင်ဆိုင်ဖို့အတွက် တခန်းတခန်းလုံးကိုအ၀ါရောင်သုတ် သူတို့ ကိုယ်တိုင်လည်းအ၀ါရောင်ဝတ်စုံတွေဝတ်ပြီး Lantern ကိုရင်ဆိုင်ခဲ့ကျပါတယ်။
တချိန်တုန်းက Supergirl ဟာ Superman ကိုတရုတ်ပြည်ရဲ့ ဂရိတ်ဝေါကြီးအထိပါ ပေါ်ကွဲထွက်သွားအောင်ထိုးဖူးပါတယ်။
Batman ရဲ့ဘ၀မှာ သူအကြီးမားဆုံးရှုံးနိမ့်မှုလို့မှတ်ယူထားတဲ့ ဖြစ်ရပ်တခုရှိပါတယ်။ အဲ့ဒါကတော့ ဒုတိယ Robin ဖြစ်တဲ့ Jason Todd ဟာ Joker ရဲ့လက်ချက်နဲ့ သေဆုံးသွားခဲ့ဖြစ်ရပ်ပဲဖြစ်ပါတယ်။
Deathstroke ရဲ့မျက်လုံးတဖက်ကိုထိုးဖေါက်ခဲ့တဲ့သူဟာ Batman ရဲ့သားဖြစ်သူ Damian Wayne ဖြစ်ပါတယ်။
တချိန်တုန်းက Flash ဟာသူ့ရဲ့ စိတ်ရောဂါကုဆရာဝန်နဲ့စကားဝိုင်းတခုမှာ စကားပြောနေချိန် မြို့ထဲမှာဖြစ်ပွားနေတဲ့ မတော်တဆမှုတွေကို အဲ့ဆရာဝန်မသိအောင် တချိန်တည်းမှာ ထိုင်ချင်ယောင်ဆောင်နေသလိုနဲ့ သွားရောက်ကူညီခဲ့ဖူးပါတယ်။
Aquaman ရဲ့သုံးမြှောင့်လှံဟာ အဖျက်စွမ်းအားကြီးမားပြီး ဖျက်ဆီးလို့လည်းမရပါဘူး။ အဲ့ဒီ့လှံဟာ ကြီးမားတဲ့ရေလှိုင်းလုံးကြီးတွေ, အစွမ်းထက်တဲ့ရောင်ခြည်တန်းတွေကို ပစ်လွှတ်နိုင်စွမ်းလည်းရှိတဲ့အပြင် Superman ရဲ့အရေပြားကိုပါ ထိုးခွဲနိုင်တဲ့ဂုဏ်သတ္တိရှိပါတယ်။
အကယ်လို့များ Batman ရဲ့မိဘတွေအသတ်မခံခဲ့ရဘူးဆိုရင် Bruce Wayne ဟာသူ့ရဲ့ ဘ၀မှာအားကျအတုယူပြီး အနာဂတ်မှာဖြစ်အောင်လုပ်မဲ့သူဟာ Barry Allen (Flash) လိုလူမျိုးဖြစ်တယ်လို့ပြောခဲ့ပါတယ်။
Joker ဟာတချိန်တုန်းက သူ့ကိုလျှို့ဝှက်ဗီလိန်တွေပေါင်းပြီးဖွဲ့စည်းထားတဲ့အဖွဲ့ထဲကို မဖိတ်ကြားခဲ့လို့ Alexander Luthor ရဲ့မျက်နှာကို အက်ဆစ်နဲ့ပျော်ကျအောင်လုပ်ခဲ့ပြီး Shotgun နဲ့ထပ်ပစ်ကာကလဲ့စားချေခဲ့ပါတယ်။
Harley Quinn ရဲ့ခန္ဓာကိုယ်အပေါ်ကို အက်ဆစ်နဲ့အဆိပ်တွေကအကျိုးမသက်ရောက်ပါဘူး။ ဒါ့အပြင်သူဟာ သေနတ်ပေါင်းမျိုးစုံကို ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်တဲ့ သေနတ်ဝိဇ္ဇာတယောက်ပဲဖြစ်ပါတယ်။
Nightwing ဟာတချိန်မှာ Gotham မြို့ရဲ့ Commissioner Gordon ရဲ့သမီးဖြစ်သူ Barbra Gordon နဲ့တညအတူတူ အိပ်စက်ခဲ့ပါတယ်။ နောက်နေ့မှာပဲ သူနဲ့ Starfire တို့ရဲ့မင်္ဂလာဆောင်ဖိတ်စာကို Barbra Gordon ကိုပေးပြီးဖိတ်ခဲ့ပါတယ်။
Sinestro ဟာတချိန်တုန်းက Black Adam ကို Yellow Power Ring ကိုပေးပြီး Sinestro အဖွဲ့ဝင်တဦးဖြစ်သွားအောင်လုပ်ပေးခဲ့ပါတယ်။ Black Adam ဟာအဲ့ဒီ့လက်စွပ်ကိုအခုချိန်ထဲသိမ်းထားတုန်းပဲဖြစ်ပါတယ်။
Scarecrow ဟာတချိန်တုန်းက Joker ဘယ်အရာကိုကြောက်သလည်းဆိုတာကိုသိရဖို့အတွက် Fear Gas တွေကို Joker ဆီထုတ်လွှတ်ခဲ့ပါတယ်။ ဒါပေမဲ့ အံ့အားသင့်စွာနဲ့ပဲ အဲ့ဒီ့အဆိပ်ငွေ့တွေဟာ Joker ကိုအကျိုးမသက်ရောက်တဲ့အပြင်အဲ့အဆိပ်ငွေ့တွေကြားကပဲ Joker ကခုံနဲ့ပြန်ပြီး Scarecrow ကိုရိုက်နှက်ခဲ့ပါတယ်။
To Be Continued,
Ref from All Things DC and Marvel
Comments
Post a Comment